Monday, February 17, 2014

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး



ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။

“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်း မစ္စတာ ရှာမာက ပြောကြားသည်။

ယခု ပျောက်ဆုံးလျက် ရှိသော နီပေါ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူးများ၏ အတွေ့အကြုံ နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ် ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။

Thursday, February 6, 2014

UFO လို့ ယူဆရတဲ့ အမျိုးအမည်မသိယာဉ်တစ်ခုကို အပျော်တမ်း ဓာတ်ပုံဆရာတစ်ယောက် ရိုက်ကူးနိုင်ခဲ့

အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မိုက်ကယ်ပေါ်တာဟာ တိမ်တွေရဲ့
ဖွဲ့ စည်းပုံကို ဓာတ်ပုံရိုက်နေတုန်းမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်ခုကို မတော်တဆရိုက်ကူးမိခဲ့တာပါ။

မိုက်ကယ်ဟာ ရိုက်ကူးထားတဲ့ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ သူ့ ရဲ့
လက်ပ်တော့ထဲ ပြောင်းထည့်ကြည့်တော့မှ သူ့ ရဲ့ဓာတ်ပုံတွေထဲမှာ ဒီ အမျိုးအမည်မသိရတဲ့ယာဉ်ပုံစံတစ်ခုကို သတိထားမိခဲ့တာပါ။ မိုက်ကယ်ဟာ ဓာတ်ပုံမှာ နေထိုးနေတဲ့အကွက်တွေ များနေလို့ ဖျက်ပစ်မလို့ လုပ်ခဲ့ပြီးမှ ဒီယာဉ်ကို မြင်တွေ့ ခဲ့တယ်လို့  ဆိုပါတယ်။

Cornwall ပြည်နယ်၊ ကမ်းခြေအပန်းဖြေစခန်းကနေ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပြီး မိုးလေ၀သ ပညာရှင်တွေကတော့ ဒါဟာ သက်တမ်း ၄.၃ ဘီလီယံ ရှိတဲ့ ဥက္ကာခဲတစ်ခု ကြီးမားတဲ့အရှိန်နဲ့ ကမ္ဘာမြေပေါ် ပြုတ်ကျ
လာတာဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။

ဒါပေမယ့် Cornwall ကမ်းရိုးတန်းတစ်လျှောက်ဟာ UFO တွေ မကြာခဏမြင်တွေ့ ခဲ့ကြောင်း မှတ်တမ်းအများဆုံးရှိတဲ့နေရာဖြစ်ပြီး Cornwall UFO သုတေသနပြုလေ့လာရေးအဖွဲ့ က ဒီဒေသကို “UFO တြိဂံ” လို့ အမည်ပေးထားပြီး UFO မြင်တွေ့ မှုအကုန်လုံးကို စာရွက်စာတမ်းပြုစု
ထားတယ်လို့  ဆိုပါတယ်။

Ref: mirror
Trend Myanmar

Credit to: : Myanmar International News

ကမ္ဘာ့ သမိုင်းတွင် အကြီးကျယ် အခမ်နားဆုံး ခံတပ် Fort Bourtange

နယ်သာလန်နိုင်ငံ၊ မြောက်ဘက်အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။

နယ်သာလန်ရဲ့  အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရေက်ချိန် ယင်းခံတပ်ရဲ့  အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့  သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်ဆီးရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။

ကြယ်ပုံသကဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျမနီတပ်လည်း နယ်သာလှန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် Bourtange တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလှန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့ နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ်ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။

၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နေယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ နယ်သာလှန်နိုင်ငံရဲ့  ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး ) 

Ref:YoYarLay

Wednesday, February 5, 2014

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်ကို ဂုဏ်ပြုသည့် Nike ဂျာစီသစ်များ


ဘရာဇီးလ် စီးရီးအေ ကလပ်အသင်းများအနက် နာမည်ကျော် ကိုရင်သီယန်စ်၊ အင်တာနေစီယွန်နယ်လ်၊ ဆန်းတို့စ်တို့အပြင် ကိုရီတီဘာနှင့် ဘာဟီရာတို့သည် အသင်း၏ တတိယဦးစားပေး ဂျာစီများအဖြစ် အဝါရောင် ဒီဇိုင်းသစ်များကို ပွဲထုတ် မိတ်ဆက်လာခဲ့ကြ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြေအနေအပေါ် ထောက်ခံမှုအဖြစ် ဘရာဇီးလ် ထိပ်တန်းကလပ်များက ၎င်းတို့၏ အဝါရောင် ဂျာစီသစ်များကို မိတ်ဆက်ပြသခဲ့သည်။ ကမ္ဘာ့ဘောလုံးလောကတွင် အစဉ်အလာ အကြီးဆုံးဖြစ်သည့် ဘရာဇီးလ် လက်ရွေးစင် အသင်းသည် အဝါရောင်ဂျာစီကို သင်္ကေတတစ်ခု အနေဖြင့် စွဲစွဲမြဲမြဲ ဝတ်ဆင်လာခဲ့သည်။ ယခုအခါ ဘရာဇီးလ် စီးရီးအေ ကလပ်အသင်းများအနက် နာမည်ကျော် ကိုရင်သီယန်စ်၊ အင်တာနေစီယွန်နယ်လ်၊ ဆန်းတို့စ်တို့အပြင် ကိုရီတီဘာနှင့် ဘာဟီရာတို့သည် အသင်း၏ တတိယဦးစားပေး ဂျာစီများအဖြစ် အဝါရောင် ဒီဇိုင်းသစ်များကို ပွဲထုတ် မိတ်ဆက်လာခဲ့ကြသည်။

အဆိုပါ အသင်းများသည် ကမ္ဘာ့ချန်ပီယံ (၅)ကြိမ်ရ ဘရာဇီးလ် အသင်းကို ဂျာစီစပွန်ဆာ ပေးထားသည့် Nikeနှင့်ပင် စာချုပ်ထားကြပြီး ယခုအဝါရောင် ဂျာစီများ အားလုံးကို Nikeကပင် ဒီဇိုင်းထုတ် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂျာစီများတွင် ဒီဇိုင်းတစ်ခုချင်းစီသည် အဝါရောင် နောက်ခံတွင် ကလပ်အသင်း၏ မူလဦးစားပေး ဂျာစီအရောင်ကို ရောစပ်ထည့်သွင်းပြီး ဖန်တီးထားခြင်း ဖြစ်သည်။ ဂျာစီ၏ အတွင်းပိုင်းတွင် Nascido pra jogar Futebolဆိုသော စာသားကိုလည်း ရေးထိုးထားသည်။ ယင်းမှာ "ဘောလုံးကစားရန် မွေးဖွားလာခြင်း"ဟု အဓိပ္ပါယ်ရကြောင်းလည်း သိရသည်။

Nike၏ ဘရာဇီးလ် ဌာနခွဲ အရောင်းမြှင့်တင်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ ဟင်နရီ ရာဘယ်လိုက "ပရိသတ်တွေ အနေနဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ အဝါရောင် အမှတ်အသားကို ကွင်းထဲမှာ မြင်တွေ့နေရချိန်တိုင်း ကျေနပ်နေပါလိမ့်မယ်။ ဒီအရောင်ရဲ့ နောက်မှာ အံ့မခန်း ဘောလုံးယဉ်ကျေးမှုက ထင်ဟပ်နေပြီးသားဆိုတာ အားလုံးအသိပဲလေ။ ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ ကလပ်အသင်းတိုင်းမှာ အဝါရောင် ဂျာစီဒီဇိုင်းသစ်တွေ ပေါင်းစပ်ပေးလိုက်တယ် ဆိုတာက ဘရာဇီးလ်ရဲ့ ထူးခြားလှတဲ့ ဘောလုံးကစားပုံကို ကျွန်တော်တို့ တတ်စွမ်းသမျှ ပုံစံတစ်ခုကနေ ဂုဏ်ပြုလိုက်တဲ့ လုပ်ဆောင်မှု တစ်ခုပါပဲ"ဟု ပြောကြားသွားသည်။ Nike၏ ဂျာစီသစ်များ မိတ်ဆက်မှုတွင် ဘရာဇီးလ် လက်ရွေးစင်များ ဖြစ်ကြသည့် ကိုရင်သီယန်စ် တိုက်စစ်မှူး အလက်ဇန္ဒား ပါတိုနှင့် အင်တာနေစီယွန်နယ်လ် ခံစစ်မှူး အက်ဒ်မီလ်ဆင်တို့ကလည်း ပါဝင်သရုပ်ပြခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

Tuesday, February 4, 2014

ထိုင်းရွေးကောက်ပွဲအပြီး အခြေအနေ


ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် နှုတ်ထွက်ပေးရေးအတွက် ဘန်ကောက်မြို့တော်ကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီးနောက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲပြုလုပ် ပြီးစီးသွားပေမယ့် ထိုင်းနိုင်ငံရေး အခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က စုစည်းတင်ပြထားပါတယ်။
 

Monday, February 3, 2014

ရွေးကောက်ပွဲလွန် ထိုင်းနိုင်ငံရေး မပြေလည်နိုင်သေး


ထိုင်းနိုင်ငံမှာ ပါလီမန် အထွေထွေ ရွေးကောက်ပွဲကတော့ ကန့်ကွက် ဆန္ဒပြမှု တွေကြားက ပြီးဆုံးသွားပါပြီ။ အရေးပေါ် အခြေအနေ ကြေညာ ထားတဲ့အတွက် နိုင်ငံတဝှမ်း လုံခြုံရေး အင်အား တသိန်း သုံးသောင်းကျော် ချပြီး ကျင်းပခဲ့ပါတယ်။ မဲရုံဖွင့်ဖွင့်ချင်း အာဏာရ ပါတီခေါင်းဆောင် ယင်လပ်က သူ့အိမ်နားက မဲရုံမှာ မဲပေးခဲ့ပါတယ်။

ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးတဲ့အနေနဲ့ လူတွေမဲထွက်ပေးဖို့ အရေးကြီးကြောင်း ဘီဘီစီကို ဝန်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ ထောင်ဆူဘန်ကတော့ မဲရုံတွေ ပိတ်ခံရလို့ အစိုးရအနေနဲ့ ရလဒ် ကြေညာ နိုင်မှာမဟုတ်ဘူး ဒါကြောင့် ရွေးကောက်ပွဲက အချိန်ကုန်ငွေကုန်တာဘဲ ရှိတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်မယ့် နည်းလမ်းတော့ ဖြစ်ဟန် မတူသဘောကွဲမှုတွေရှိတဲ့ကြားက ထိုင်းရွေးကောက်ပွဲ
ဘန်ကောက်က မဲရုံပေါင်း၇ထောင်နီးပါးမှာ အတိုက်အခံက မဲရုံ၄၃၀ကျော် မဲမပေးနိုင်အောင် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ တောင်ပိုင်း ၉ခရိုင်လည်း မဲမပေးနိုင်ခဲ့ပါဘူး။

နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသတွေမှာတော့ အနှောက်အယှက် မခံရဘူးလို့ အစိုးရက ပြောပါတယ်။ ဒီဒေသတွေက ယင်လပ်ကို အများစု ထောက်ခံကြပြီး တောင်ပိုင်းကတော့ သပိတ်မှောက်နေတဲ့ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ အမာခံ ဒေသဖြစ်ပါတယ်။

အမတ်လောင်းမဲစာရင်း မှတ်ပုံတင်မှုတွေ အနှောက်အယှက် ခံရလို့ ရွေးကောက်ပွဲကို ယင်လပ်နိုင်ရင်တောင် ပါလီမန်မှာ အစိုးရပေါ်လစီချဖို့ လုံလောက်တဲ့ အမတ် မရနိုင်ပါဘူး။

အတိုက်အခံတို့က ရွေးကောက်ပွဲ တရားဝင်မှုကို ဥပဒေအရ ရင်ဆိုင်ကြဦးမှာပါ။

နောက်တခါ ယင်လပ်ရဲ့ ပါတီဖျက်သိမ်းဖို့ အတွက် အမှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဆန္ဒပြသူတွေရဲ့မဟာမိတ် ဒီမိုကရက် ပါတီကတော့ ပါလီမန်မှာ အများစုအနိုင်မရတာ အနှစ်၂၀ ကျော်သွားပါပြီ။

ဒီပါတီဝင်အများစုက ရွေးကောက်တာမဟုတ်တဲ့ ပြည်သူ့ကောင်စီနဲ့ အစိုးရကို အစားထိုးပြီး နိုင်ငံရေးကို အကြီးအကျယ် ပြုပြင်ချင်တာဖြစ်ပါတယ်။ ဒီတော့ ရွေးကောက်ပွဲ နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ ဖြေရှင်းနိုင်မယ့်ပုံ မပေါ်သေးဘူးလို့ ဘန်ကောက်ရှိ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။


Ref: BBC

ကုန်တိုက်ဖောက်ပြီး အရုပ်မကို လိင်ဆက်ဆံခဲ့သူ


ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။

ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။

ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။

သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။

(အရုပ်ဆိုတာက အ၀တ်အစားရောင်းတဲ့ဆိုင်ရှေ့တွေမှာ ထောင်ထားတတ်တဲ့ လူပုံတူအရုပ်တွေ ဖြစ်ပါလိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထားတတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ)

တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ
ဖော်ပြပါတယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါးပဲ တက်လာပါတယ်)

ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာပဲဖြစ်မယ်လို့ ပြောထားပါတယ်။

ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်းစာတစောင်ကို ပြောပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးပါဘူး တဲ့။ 


<div id="fb-root"></div> <script>(function(d, s, id) { var js, fjs = d.getElementsByTagName(s)[0]; if (d.getElementById(id)) return; js = d.createElement(s); js.id = id; js.src = "//connect.facebook.net/en_GB/all.js#xfbml=1"; fjs.parentNode.insertBefore(js, fjs); }(document, 'script', 'facebook-jssdk'));</script>
<div class="fb-post" data-href="https://www.facebook.com/photo.php?v=590121987746005" data-width="466"><div class="fb-xfbml-parse-ignore"><a href="https://www.facebook.com/photo.php?v=590121987746005">Post</a> by <a href="https://www.facebook.com/excellencemedia">Aye Chan Mon</a>.</div></div>
 


Ref: ဧရာဝတီ