Monday, January 20, 2014
ဓာတ်ပုံရိုက်တိုင်း လျှာထုတ်ရတဲ့ မယ်လီဆိုင်းရက်စ်ရဲ့  လျှို့ ဝှက်ချက်
Wrecking Ball သီချင်းကြောင့် အရှိန်အဟုန်နဲ့ အောင်မြင်လာတဲ့ မယ်လီဆိုင်းရက်စ်ဟာ ၂၀၁၃ မှာ လူပြောအများဆုံး Celebrity တစ်ဦး ဖြစ်ခဲ့ ပါတာယ်။
သူမမှာ အများစု သတိထားမိတဲ့ ထူးခြားချက်က ဓာတ်ပုံ ရိုက်တိုင်း လျှာ ထုတ်တာ ဖြစ်ပါတယ်။ သူမ ဘာကြောင့် ဓာတ်ပုံ အရိုက်ခံတိုင်း လျှာ ထုတ်သလဲ ဆိုတာကို သတင်းထောက် တစ်ဦးက အင်တာဗျူးမှာ မေးမြန်း ပါတယ်။ ဒီတော့ သူမ ပြန်ဖြေတာက " ကျမ ဓာတ်ပုံ အရိုက်ခံတိုင်း ဘယ်လို ပြုံးရမှန်း မသိဘူး။ ပြုံးလဲ မပြုံးတတ်ဘူး။ အဲဒါကြောင့် လျှာထုတ် ပြတာက ကျမအတွက် အနေကျဉ်းကြပ်နေရာကနေ စိတ်လွတ် ကိုယ်လွတ် ရှိသွားစေတာပါပဲ" လို့ ဖြေပါတယ်။
ဒါကြောင့်မို့ ဓာတ်ပုံအရိုက်ခံတိုင်း ပြုံးမပြတတ်တဲ့ မယ်လီဆိုင်းရက်စ်ဟာ လျှာထုတ်ပြခြင်းက သူမရဲ့  အမှတ်အသား လက္ခဏာ တစ်ခုအဖြစ် တွင်စေ ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( smart.com.mm )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment