Monday, January 20, 2014

ကမ္ဘာ့အကြီးဆုံး ရေပြင် ဝေဟင်သွား လေယာဉ်ကို တရုတ်နိုင်ငံ ထုတ်ဖော်ပြသ



တရုတ်နိုင်ငံသည် Jiaolong - 600 အမျိုးအစား ရေပြင် ဝေဟင်သွား လေယာဉ်သစ်ကို မကြာသေးမီက ထုတ်ဖော် ပြသခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ် ဖြစ်လာနိုင်ကြောင်း ဇန်နဝါရီ ၁၉ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ လေယာဉ်သည် ပန်ကာလေးလုံးတပ် ကယ်ဆယ်ရေး လေယာဉ်ဖြစ်ပြီး Airbus A 320 နှင့် အရွယ်အစား တူညီကြောင်း၊ အများဆုံး အလေးချိန် ၄၈ မက်ထရစ်တန် သယ်ဆောင်နိုင်သဖြင့် လက်ရှိတွင် ကမ္ဘာ့အကြီး ဆုံး ရေ ပြင် ဝေဟင် သွား လေ ယာဉ်ဖြစ်သည့် ဂျပန်နိုင်ငံမှ ၄၇ ဒသမ ၇ မက်ထရစ်တန်သာ သယ်ဆောင်နိုင်သော US-2 လေယာဉ်ထက် သာလွန်ကောင်းမွန်ကြောင်း သိရသည်။

Jiaolong-600 လေယာဉ်သည် တစ်နာရီလျှင် ၅၅၅ ကီလိုမီတာ (၃၄၄ ဒသမ ၉ မိုင်) ရောက်ရှိနိုင်ပြီး အဝေးဆုံး အကွာအဝေး ၅၃ဝဝ ကီလိုမီတာ (၃၂၉၃ ဒသမ ၃ မိုင်) ထိ မောင်းနှင်နိုင်ကြောင်း၊ ၁၂ စက္ကန့် အတွင်း ရေတန်ချိန် မက်ထရစ်တန် ၂ဝ ကို စုပ်ယူနိုင်စွမ်းရှိပြီး ကယ်ဆယ်ရေးလုပ်ငန်း တာဝန် ထမ်းဆောင်နေစဉ် အတွင်း လူဦးရေ ၅ဝ ကို သယ်ဆောင်နိုင်ကြောင်း သိရသည်။



မြ၀တီ

No comments:

Post a Comment