Sunday, January 19, 2014
ဒုတိယ ကမ္ဘာစစ် ပြီးသည်ကို နှစ် ၃၀ ကြာသည်အထိ လက်မခံနိုင်ဘဲ စစ်ဆက်တိုက်နေသည့် ဂျပန်စစ်သားကြီး ကွယ်လွန်
ဖိလစ်ပိုင်နိုင်ငံက တောအုပ်ထဲမှာ ဒုတိယ ကမ္ဘာစစ်အပြီး တစ်ဦးတည်း ခိုအောင်းနေခဲ့ပြီး စစ်မပြီး သေးဘူးဟု ယူဆကာ ဆက်လက် တိုက်ပွဲဝင်နေခဲ့သော ဂျပန်စစ်သားကြီး ဟီရိုအိုနိုဒါဟာ အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ sky news သတင်း တစ်ပုဒ်က ဖော်ပြထားပါတယ်။
တောအုပ်ထဲမှာ လက်နက်ချဖို့ ငြင်းဆန်နေခဲ့တဲ့ အိုနိုဒါကို ဒုတိယ ကမ္ဘာစစ်တုန်းက သူ့တာဝန်ကျတဲ့ တပ်ရဲ့ ဗိုလ်မှူးကိုယ်တိုင် လာခေါ်မှ လက်နက်ချပြီး ဂျပန်ကို ပြန်လိုက်လာခဲ့တာပါ။
ဆက်သွယ်ရေး တပ်သားနှင့် ပြောက်ကျား စစ်သားအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အိုနိုဒါဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်က လူဘန်းကျွန်းကို ပို့ခဲ့ပြီး လုံးဝ လက်နက်မချဖို့၊ မိမိကိုယ်ကိုယ် သတ်သေခြင်းနည်းနဲ့ ရှောင်မထွက်ဖို့၊ စစ်ကူရောက် လာတဲ့အထိ ဒီမြေကို အပိုင်ထိန်းထားဖို့ သူ့တပ်နဲ့အတူ အမိန့်ပေးထား ခံရတာပါ။
ဂျပန် ၁၉၄၅ မှာ စစ်ရှုံးသွားတဲ့အထိ သူနဲ့ နောက်ထပ် စစ်သား သုံးယောက်တို့ဟာ လက်နက် မချခဲ့ကြဘဲ ဆက်ပြီး စစ်ကူ စောင့်နေခဲ့ကြပါတယ်။
“ကျွန်တော့်ကို ပေးထားတဲ့ အမိန့်အတိုင်း လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
နောက်ဆုံးဂျပန်က သူ့ကို အမိန့်ပေးခဲ့သူ ကိုယ်တိုင် လာခေါ်တော့မှ လက်နက်ချခဲ့ပြီး သူ့ဆောင်ဓားကို ဖိလစ်ပိုင်သမ္မတ မားကို့စ် လက်ထဲကို လက်နက်ချ အပ်နှံခဲ့တာ ဖြစ်ပါတယ်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment