Wednesday, January 22, 2014
ဆိုက်ဘာလှုပ်ရှားမှုဖြင့် ဒီမိုကရေစီအရေး ဆောင်ရွက်ရန် အာရပ် ဘလော့ဂ်ဂါများ လှုံ့ဆော်
ဆိုက်ဘာလှုပ်ရှားမှု တစ်ခုအနေဖြင့် အင်တာနက်ဆိုင်ရာ တော်လှန်ရေး တစ်ရပ်ကို ဆောင်ရွက်နိုင်ရေး အတွက် အာရပ်ဘလော့ဂ်ဂါများ ဆွေးနွေးမှု တစ်ရပ်ကို ဂျော်ဒန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဘလော့ဂ်ဂါများသည် ဒစ်ဂျစ်တယ် လုံခြုံရေးနှင့် အင်တာနက်ကို မည်သို့ အကာအကွယ်ပေးရမည် ဆိုခြင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်ဆွေးနွေး ခဲ့ကြပြီး ထိုဆွေးနွေးပွဲသို့ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတိုက်မှ ဘလော့ဂ်ဂါ များလည်း ပါဝင်လာကြကြောင်း ယင်းသတင်းက ဆိုသည်။
အင်တာနက်နှင့် ဆိုရှယ်မီဒီယာသည် မိမိတို့ဒေသ အတွင်း သေရေးရှင်ရေး တမျှ အရေးကြီးပြီး အပြည့်အဝ သုံးစွဲပိုင်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်သွားကြရန် အားလုံးက သဘောတူပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အထောက်အကူ ဖြစ်နိုင်စေရေး အတွက် ဝိုင်းဝန်း ကြိုးပမ်းကြရန် သဘော တူညီကြကြောင်း AFP သတင်းတွင် ရေးသားထားသည်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment