Friday, January 24, 2014
ပစ်ဘူးလ်၊ ဂျေလိုနှင့် လိုက်တီတို့ သီဆိုကြမည့် ကမ္ဘာ့ဖလားသီချင်း
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ သီချင်းအဖြစ် ဖီဖာနှင့် ဆိုနီကုမ္ပဏီတို့မှ ယနေ့ ရွေးချယ်ခဲ့ပြီး ပစ်ဘူးလ်၊ ဂျနီဖာလိုပက်ဇ်တို့နှင့်အတူ ဘရာဇီး အဆိုတော် ကလော်ဒီယာလိုက်တီတို့ သီဆိုမည်ဟု သိရသည်။ ပေါ်တူဂီ ဘာသာစကားဖြင့် ole ola ဟု အမည်ရပြီး အင်္ဂလိပ်ဘာသာဖြင့် We are one ဟု အဓိပ္ပာယ်ရသည့် သီချင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကျင်းပမည့် ဇွန်လ ၁၂ရက်တွင် ဆာအိုပေါ်လိုဘောလုံးကွင်း၌ သီဆိုဖျော်ဖြေမည်ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သီချင်းသီဆိုရခြင်းနှင့် ပတ်သက်၍ အမေရိကန်ပေါ့ပ်အဆိုတော် ဂျေလိုက “ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ မိသားစုမှာ မွေးဖွားခဲ့လို့ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ပစ်ဘူးလ်၊ လိုက်တီတို့နဲ့ ဖျော်ဖြေရမယ့် အရေးကို ကျွန်မ စိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောခဲ့သည်။ ထို့အပြင် ပစ်ဘူးလ်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ အရှိန်အ၀ါနှင့် ဂီတ၏ စွမ်းပကားကြောင့် အကောင်းဆုံးအားထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။၂၀၁၀ ကမ္ဘာ့ဖလားအတွက် ကိုလံဘီယာ ပေါ့ပ်ဘုရင်မ ရှက်ကီရာ သီဆိုခဲ့သည့် waka waka သီချင်းမှာ you tube တွင် ကြည့်ရှုသည့် အကြိမ်ရေ သန်း ၆၀၀ကျော် ရှိခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment