Tuesday, January 21, 2014
မလေးရှားနိုင်ငံအတွင်း အော်ပရာဇီ (စစ်ဆင်ရေး)တွင် ၁၅၆၅ ဦး ဖမ်းဆီးပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်
မလေးရှားနိုင်ငံတဝန်းတွင် ယခု ဒုတိယအကြီမ် ပြုလုပ်သည့် 6P Integrated Operation (Ops Sepadu) စစ်ဆင်မူ့တွင် ယမန်နေ့ည၌ ဖမ်းဆီးခံသူများ သည် လေးရှား နိုင်ငံသို့ နောက်တစ်ကြီမ် ပြန်ဝင်ခွင့် မပြုရန် ဇိဝဗေဒဆိုင်ရာ အချက်အလက် (biometric database) များ ယူထားသည်ဟု abnxcess သတင်း အရသိရပါသည်။
ယနေ့ ရဲသင်တန်းကျောင်းရှိ သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့က နိုင်ငံအဝန်း ဖမ်းဆီးမိသူများ အား ခုနှစ်ရက်အတွင်း သက်ဆိုင်ရာ မိခင်နိုင်ငံများ သို့ ပြန်ပို့မည်ဖြစ်ကြောင်း "ပြန်ပို့ဖို့ကိစ္စက မလေးရှားအစိုးရ လိုက်စိစဉ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့အလုပ်ရှင် နဲ့ သက်ဆိုင်ရာ သံရုံး ကကိုင်တွယ်ပါမယ်" ဟုပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကပြောကြားပါသည်။
စစ်ဆင်မူမှာ နေရာဒေသ စုစုပေါင်း ၁၀၇ နေရာတွင်ပြုလုပ်ကာ ဖမ်းဆီးရသူအားလုံးမှာ ၁,၅၆၅ ဦးဖြစ်ပြီး အင်ဒိုနီးရှားမှ ၆၉၅ ဦး၊ ဘင်္ဂလားဒေရှ် မှ၁,၅၆၅ ဦး၊ မြန်မာမှ ၁၅၇ ဦး နှင့် အခြားသူများမှာ ကမ်ဘောဒီးယား ၊ ဗိယက်နန်၊ အိန္တိယ၊ ပါကစ်စတန်၊ ဖိလီပိုင်၊ တရုတ် ၊ နိုင်ဂျီးရီးယား၊ ထိုင်း နိုင်ငံတို့မှ ဖြစ်သည် ဟုဆိုပါသည်။
ဗီစာ သက်တမ်းကျော်လွန်သူများနှင့်၊ ပါမစ် သက်တမ်းကုန်သူများ သည် လဝက ဥပဒေ ၁၉၅၉/၆၃ ၊ ပါစပိုစ် ဥပဒေ ၁၉၆၆၊ လူဝင်မူကြီးကြပ်ရေး စည်းမျဉ်း ၁၉၆၃ နှင့် လူကုန်ကူးခြင်း နှင့် တရားမဝင် နေထိုင်ခြင်းဥပဒေ ၂၀၀၇ (ပြင်ဆင် ၂၀၁၀) အရ တရားမဝင်များဖြစ်ကြောင်း ဆက်လက်၍ "ဒီနှစ်ကုန်တဲ့ အထိ တပ်ပေါင်းစုအေဂျင်စီ တွေက စုံစမ်းမယ်၊ ဖမ်းမယ်၊ တရားစွဲ ပြီး ပြန်ပို့ပါမယ်" ဟု Ahmad Zahid ကပြောကြားသွားပါသည်။
ယမန်နေ့ည စစ်ဆင်မူတွင် လဝကဌာန၊ Rela (အရပ်ဖက်ဝန်ထမ်း) ၊ ရဲ ၊ မှတ်ပုံတင်ဌာန နှင့် လာဘ်စာမူ့တိုက်ဖျတ်ရေး ကော်မစ်ရှင်ဝန်ထမ်း စုစုပေါင်း ၂,၀၁၅ ဦးပါဝင်ကြောင်း ဆက်လက်ပြောကြားပါသည်။
Thu Tatuam
(Malaysia News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment