ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုတွေမှာ သြစတြေးလျနိုင်ငံက ဦးဆောင်ဦးရွက်ပြုတဲ့နေရာမှာ မပါဝင်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Marshall Islands သမ္မတက ပြောလိုက်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ အတွင်းက ကျွန်းငယ်တချို့ဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေရပြီး ထိန်းသိမ်းမှုတွေ မလုပ်နိုင်ရင် သူတို့ နေထိုင်ရာ ကျွန်းတွေ ရေအောက်နစ်မြုပ်ပြီး ပင်လယ်တွေ တိုက်စားသွားမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ပစိဖိတ်ဒေသနိုင်ငံတွေက သြစတြေးလျနိုင်ငံအပေါ် အစ်ကိုကြီးတစ်ယောက်လို သဘောထားပြီး အားကိုးနေကြတဲ့အတွက် ဒီကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးမှာ သြစတြေးလျက ဦးဆောင်ဦးရွက်ပြုတာကို မြင်လိုကြောင်း Marshall Islands သမ္မတ Christopher Loeak က ပြောလိုက်ပါတယ်။ အရင်တခေါက် ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင
ABC Radio Australia - မြန်မာပိုင်း
No comments:
Post a Comment